ဘလော့(လ်)ကာ အတွေးအမြင်......

ကို ဇာဂနာ ထောင်ကထွက်လာတော့ ပြောတဲ့ စကားလေးပါ ဘာတဲ့ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ ရတဲ့ လူအများစုက စာမဖတ်ကြ ဘူးတဲ့ ဗျာ)ဒါဆိုသူတို့ တွေ ဘာကိုယုံကြည်နေကြတာလဲ?

animations

Tuesday, July 20, 2010

သင်သေသွားသော်

သြော်...

လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။

သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ပြည်သည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။

သင်၏ မျိုးသား ၊ စာ စကားလည်း
ကြီးပွားတက်မြင့် ၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍
အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက်
ကျန်စေသတည်း....။

(ဆရာ ဇော်ဂျီ)

No comments:

Post a Comment